Local News

ကိုရီးယားသမ္မတနိုင်ငံရှိ Global Issue Forum နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး  ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကိုရီးယားသမ္မတနိုင်ငံရှိ Global Issue Forum နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး  ညှိနှိုင်းအစည်းအဝေးကို ၂၀၂ ခုနှစ်၊ ဇူလိုင် ရက်နေ့၊ ၁:၀ နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ စီးပွားရေးသံမှူး(ဆိုးလ်မြို့)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ Global Issue Forum မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် Global Issue Forum မှ ကိုရီးယားနည်းပညာနှင့် ပြုလုပ်ထား သည့် ဆန်ဖြင့် ခေါက်ဆွဲထုတ်လုပ်သည့် စက်အား မိတ်ဆက်ပေးခြင်း၊ အဆိုပါ စက်သည် အခြားပါဝင်ပစ္စည်းများ မပါဝင်ဘဲ ဆန်သီးသန့်ဖြင့်သာ ထုတ်လုပ်နိုင်ခြင်း၊ အရွယ်အစား သေးငယ်၍ အလုပ်သမားအင်အား အနည်းငယ်ဖြင့် ပမာဏများများ ထုတ်လုပ်နိုင်ခြင်း၊ ကိုရီးယားနည်းပညာဖြင့် မိနစ်လေးဆယ်အတွင်း တစ်ရက်လျှင် ၂၅၀၀၀ ထုပ် ထုတ်လုပ်နိုင်ခြင်း စသည့် အားသာချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မြန်မာနိုင်ငံ၌ လက်ရှိတွင် တရုတ်နိုင်ငံ(တိုင်ပေ)၊ ထိုင်းနိုင်ငံ မှ စက်များ၊ နည်းပညာများဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက် ထုတ်လုပ်သူများရှိသဖြင့် ကိုရီးယား နည်းပညာဖြင့် ဆန်ခေါက်ဆွဲ အစိုနှင့် ဆန်ခေါက်ဆွဲ အခြောက်ထုတ်လုပ်နိုင်ရေး စီးပွားရေး လုပ်ငန်းရှင်များထံသို့ အသိပေး၍ စီးပွားရေးသံမှူးမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် ဖြစ်ကြောင်းတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

                                                                                                    မဟာဗျုဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ

Category: Local News